နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်း ရင်းသားလက်နက်ကိုင် ၅ ဖွဲ့တို့ အထွေထွေကိစ္စများကို တွေ့ဆုံဆွေးနွေး

0
231

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့၏ ကိုယ် စားလှယ်အဖွဲ့တို့ ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

ဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌ သဘောတူထားသည့် အစီအစဉ်များအတိုင်း ဆွေးနွေးညှိ နှိုင်းခဲ့ကြပြီးနောက် အထွေထွေကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ နစက ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး မင်းနောင်၊ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းနှင့်ဗိုလ်မှူးကြီးဝဏ္ဏအောင်တို့တက်ရောက်ခဲ့ကြသည်။

NCA လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဖြားတန်ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒု-ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ်စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေး ကောင် စီ ဒု-ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒု-ဥက္ကဋ္ဌ ကျာဖူးနှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ တတိယနေ့အား ဒီဇင်ဘာ ၂၉ ရက်(မ နက်ဖြန်)တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့်သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here