တံတားဦးမြို့အား ဗဟိုပြု၍ တတိယအကြိမ်ငလျင်ထပ်မံလှုပ်ခတ်

0
127

မန္တလေးတိုင်း၊တံတားဦးမြို့အား ဗဟိုပြု၍ တတိ ယအကြိမ်အဖြစ် ဒီဇင်ဘာ ၂၉ ရက်(ယနေ့)မွန်းတည့်ပိုင်းက ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း မြန်မာ နိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၁၁ မိနစ် ၄၄ စက္ကန့်က တံတားဦးမြို့၏ အရှေ့-အရှေ့တောင်ဘက်(၂)မိုင်ခန့်အကွာ)၊မြောက်လတ္တီတွဒ်(၂၁ ဒသမ ၈၀)ဒီဂ ရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၀၀)ဒီဂရီ၊ အနက်(၁၁)ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၀ အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ရှားခတ်ခဲ့သည်ဟု မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

“ငလျင်လှုပ်သွားတယ်ဆိုတာတော့သိတယ် အရင် ၂ ကြိမ်တုန်းကလို အားသိပ်မပြင်းတဲ့အတွက် ဘာမှတော့မဖြစ်ပါဘူး လမ်းလျှောက်နေရင်း နည်းနည်းယိုင်သွားတာလောက်ပါပဲ”ဟု တံတားဦးမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

တံတားဦးမြို့အား ဗဟိုပြု၍ ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၉ ရက်တို့ကလည်း ငလျင်များလှုပ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here