ဆိုးလ်၊ဒီဇင်ဘာ ၂၈
မြောက်ကိုရီးယားဒရုန်းများက တောင်ကိုရီးယားလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီးနောက် ၎င်းတို့၌နျူကလီယား လက်နက်များရှိနေသော်လည်း ၄င်းတို့၏ရန်စမှု မှန်သမျှကို လက်တုံ့ပြန်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတကပြောကြားခဲ့သည်။
တနင်္လာနေ့က မြောက်ကိုရီးယားဒရုန်းငါးစင်းသည် တောင်ကိုရီးယားလေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသဖြင့် တောင်ကိုရီးယားတိုက်လေယာဉ်များ အရေးပေါ်ပျံတက်ကာသတိပေးခဲ့ရသည်။
အဆိုပါဖြစ်ရပ်ကြောင့် လေကြောင်းကာကွယ်ရေးအားနည်းခြင်းနှင့်ပတ်သက်၍ တောင်ကိုရီးယား၌ဝေဖန်မှုများမြင့်တက်လာခဲ့ပြီး ဒရုန်းများကိုပစ်မချနိုင်ခဲ့သဖြင့်လည်း သမ္မတကစစ်တပ်အားဝေဖန်ခဲ့သည်။
တောင်ကိုရီးယားဘက်ကလည်း မြောက်ကိုရီးယားလေပိုင်နက်သို့ ဒရုန်းများသုံးနာရီကြာပျံသန်းပြီး တုံ့ပြန်ခဲ့သည်ဟုဆိုသည်။ယင်းအပြင် လာမည့်ငါးနှစ်အတွင်း နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်ကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။
Source : Reuters