ထိုင်ဝမ်၏စစ်မှုထမ်းကာလတိုးမြှင့်ခြင်းကို တရုတ်ရှုံ့ချ

0
120

ပေကျင်း၊ဒီဇင်ဘာ ၂၈

ထိုင်ဝမ်၏ မဖြစ်မနေစစ်မှုထမ်းကာလတိုးမြှင့်လိုက်ခြင်းသည် နိုင်ငံသားများကို အသေခံခိုင်းခြင်းမျိုးပင်ဖြစ်သည်ဟု တရုတ်အစိုးရကဝေဖန်ခဲ့သည်။

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က အင်အားကြီးအိမ်နီးချင်းတရုတ်နိုင်ငံ၏ တဖြည်းဖြည်းကြီးမားလာသော ခြိမ်းခြောက်မှုများကြောင့် မဖြစ်မနေစစ်မှုထမ်းကာလအား ၂၀၂၄ ခုနှစ်ကစ၍ ယခင်လေးလမှတစ်နှစ်အထိတိုးမြှင့်လိုက်ကြောင်း အင်္ဂါနေ့ကကြေငြာခဲ့သည်။

အဆိုပါအချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ စစ်မှုထမ်းကာလတိုးမြှင့်ရုံဖြင့် အကျိုးမရှိနိုင်ဘဲ ထိုင်ဝမ်ခွဲထွက်ရေးသမားများကြောင့် အသက်သေဆုံးရခြင်းသည်အကျိုးမရှိကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သည့်သုံးနှစ်ကတည်းက ထိုင်ဝမ်နားတစ်ဝိုက်၌ လေတပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး စစ်ရေး၊သံတမန်ရေးနှင့် စီးပွားရေးအရဖိအားများတိုးမြှင့်ကာ ထိုင်ဝမ်အား ၎င်း၏အုပ်ချုပ်မှုအောက် ထည့်သွင်းရန်ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။

သို့သော်ထိုင်ဝမ်သမ္မတကမူ နိုင်ငံ၏အနာဂတ်သည် နိုင်ငံသူ၊နိုင်ငံသား ၂၃ သန်းအပေါ်တွင်သာ မူတည်နေပြီး ၎င်းတို့သာလျှင်ဆုံးဖြတ်နိုင်မည်ဟုဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here