စိုက်ပျိုးရေးချေးငွေပေးချေရန် ခရိုင်(၁၄) ခု ကျန်ရှိနေပြီး ပမာဏများပြားသည့်အတွက် အမြန်ဆုံးပြန်ဆပ်ကြရန် နစက ဒု-ဥက္ကဋ္ဌပြော

0
157

နစက ဒု – ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ရန် ကုန်တို င်းအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများအား ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်း ဖြစ်သ ည်။

“စိုက်ပျိုးရေးချေးငွေနဲ့ ပတ်သက်ရင် ခရိုင် ၁၄ ခု အားလုံးက ပေးဆပ်ဖို့ကျန်တဲ့ ပမာဏများပြားနေတာကိုတွေ့ရပါတယ် ဒါ့ကြောင့် ပေးဆပ်ဖို့ရှိတာတွေကို အမြန်ဆုံးပြန် လည်ပေးဆပ်ဖို့လိုပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌက ပြော သည်။

ထိုသို့ ပြန်လည်ပေးဆပ်မှသာ လိုအပ်သူများအတွက် ထ ပ်မံချေးငှားခြင်းဖြင့် လုပ်ငန်းတိုးချဲ့မှုများဆောင်ရွက်နိုင်မည်ဖြစ်၍ စည်းရုံးဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီတော င်းခံခြင်းများကို ဆောင်ရွက်ရန်လိုအပ်သည်ဟု ဆိုသည်။

ထို့ပြင် MSME လုပ်ငန်းများ၏ အဓိကအခက်အခဲများတွင် ချေးငွေရယူလိုမှုနှင့် ချေးငွေသက်တမ်းတိုးလိုမှုတို့အားတွေ့ရှိရပြီး မှန်ကန်စွာဖြေရှင်းနိုင်ရန် ချေးငွေအား အ ချိန်မှန်ပေးဆပ်ရမည်ဟု ဆိုသည်။

သမဝါယမ အသင်းဖွဲ့စည်းဆောင်ရွက်နိုင်မှုအား ကျေနပ်အားရဖွယ်တွေ့ရှိရပြီး ကုန်ထုတ်လုပ်မှု သ မဝါယမအ သ င်း ၉၇၄ သင်း၊ကုန်သွယ်မှု သမဝါ ယမအသင်း ၉၁၁ သ င်းနှင့်ဝန်ဆောင်မှု သမဝါယ မအသင်း ၆၄၉ သင်း (စုစု ပေါင်း ၂၅၃၄ သင်း)အထိ ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုသည်။

“သမဝါယမ အသင်းတွေဖွဲ့စည်းပြီး လုပ်ငန်းတွေလည် ပတ်နေတာကိုသိရပါတယ်။ အခုထက်အောင် မြင်အောင်တိုးချဲ့ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်”ဟု နစက ဒု- ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here