ဖိလစ်ပိုင်၌ရေကြီး ပြီး မြေပြိုမှုကြောင့် သေဆုံးသူ ၃၃ ဦးအထိရှိလာပြီဖြစ်

0
177

မနီလာ၊ဒီဇင်ဘာ ၂၉

ဖိလစ်ပိုင်တောင်ပိုင်းတွင်မြေပြိုမှုဖြစ်ပွားပြီးနောက် လူတစ်ဦးသေဆုံးကာ သုံးဦးပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင်ပြောကြားခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၃၃ ဦးအထိရှိလာပြီဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်ခရစ္စမတ်ကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် ရေကြီးမြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ပျောက်ဆုံးနေသည့်လူနှစ်ဒါဇင်ကျော်ကိုလည်း အာဏာပိုင်များကရှာဖွေနေဆဲဖြစ်သည်ဟုဆိုသည်။

နောက်ဆုံးဖြစ်ပေါ်ခဲ့သည့်လူသေဆုံးမှုသည် အမျိုးသားလေးဦးငါးမျှားနေစဉ် မြေပြိုမှုကြောင့် သေဆုံးခဲ့ကြရခြင်းဖြစ်သည်ဟုသိရှိရသည်။ယခုအချိန်အထိ နေအိမ်ရာပေါင်းများစွာပျက်ဆီးခဲ့ပြီး သီးနှံဧက ၅,၀၀၀ ကျော်ပျက်ဆီးကာ လူသောင်းချီနေအိမ်စွန့်ခွာရှောင်တိမ်းခဲ့ကြရသည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကပြောကြားခဲ့သည်။

Source-AFP


LEAVE A REPLY

Please enter your comment!
Please enter your name here