တာချီလိတ်မြို့ရှိ ရွှေတာချီလူမှုကူညီရေးအသင်း ဝင်မောင်းလာသည့်ဆိုင်ကယ်ကို ကားဖြင့်တိုက်ပြီးမောင်းနှင်ထွက်ပြေးသွားသော ကားမောင်းသူအား ရက် ၂၀ ခန့်အကြာ၌ဖမ်းမိ

0
221

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ပါဆပ်ရပ်ကွက်၌ ဒီဇင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းက ရွှေတာချီလူမှုကူညီရေးအသင်းဝင် ဦးတင်ထွန်း(၅၅)နှစ်မောင်းလာသည့် ဆိုင်ကယ်အား ဟိုက်ဂျက်ကားတစ်စီးမှဝင်တိုက်မိခဲ့သည်။

အခင်းဖြစ်ပြီးနောက် ဟိုက်ဂျက်ကားမောင်းသူသည် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ဦးတင်ထွန်းမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဥ် ဒီဇင်ဘာ ၁၃ ရက်ည ၈ နာရီခွဲခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေဆုံးသွားသဖြင့် ဒီဇင်ဘာ ၁၅ ရက်မွန်း လွဲ ၂ နာရီတွင် ရုပ်အလောင်းအား ပုံလို့သုဿန်၌ သဂြိုလ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် ဟောင်လိတ်နယ်မြေရဲစခန်းမှ စုံစမ်းစစ် ဆေးမှုများပြုလုပ်ခဲ့ကြသည်။

စုံစမ်းစစ်ဆေးမှုများအရ ဦးတင်ထွန်းအား ကားဖြင့်တိုက်၍ မောင်းနှင်ထွက်ပြေးသွားသည့် ဟိုက်ဂျက်ကားအား ဒီဇင်ဘာ ၂၉ ရက်(ယနေ့)နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့သဖြင့် စစ်ဆေးရာ အခင်း ဖြစ်စဥ်ကပြစ်မှုကျူးလွန်သူ မယ်ခေါင်ရပ်ကွက်နေ စိုင်းထွန်းလှ(၄၇)နှစ်အား ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ဟောင်လိတ်နယ်မြေရဲစခန်းက ပြစ်မှုကျူးလွန်သူအား ယာဉ်(ပ)၂၄/ ၂၂ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၂၇၉/၂၀၂ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here