တောင်ကိုရီးယားတွင် ဥမင်လိုဏ်ခေါင်းလမ်းအတွင်းမီးလောင်မှုဖြစ်ပွားရာ ၅ဦးသေ၊ ၃၇ ဦးဒဏ်ရာရ

0
372

ဆိုးလ်မြို့ပြင်ရှိ အမြန်လမ်းဥမင်လိုဏ်ခေါင်းတစ်ခုတွင် ဘတ်စ်ကားနှင့် ထရပ်ကားတိုက်မှုဖြစ်ပွားပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူငါးဦးသေဆုံးပြီး အခြားသူ ၃၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီးသတ်ဌာနက ပြောကြားခဲ့သည်။

ရာနှင့်ချီသော မီးသတ်သမားများက မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေချိန်တွင် မီးတောက်ကြီးများနှင့် မီးခိုးလုံးကြီးများ ထွက်လာသည်ကို ဒေသတွင်း မီဒီယာများတွင် သတင်းများဖော်ပြခဲ့သည်။

ဒေသစံတော်ချိန် ယနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်က တောင်ကိုရီးယားနိုင်ငံ Gwacheon ရှိ အမြန်လမ်းဥမင်လိုဏ်ခေါင်းတွင် ထရပ်ကားတစ်စီးနှင့် ဘတ်စ်ကားတစ်စီးတို့ တိုက်မိရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း Gwacheon မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပတ်ဝန်းကျင်ရှိ အဆောက်အအုံများတွင် လမ်းဆူညံသံများမဖြစ်စေရန် ဒီဇိုင်းထုတ်ထားသည့် အထပ်မြင့်ဥမင်လိုဏ်ခေါင်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြကြသည်။

Ref: Five dead, 37 injured in South Korea road tunnel fire


LEAVE A REPLY

Please enter your comment!
Please enter your name here