အပစ်ရပ် (၅) ဖွဲ့နှင့် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့်အဖွဲ့တွေ့ဆုံမှုတွင် ရွေးကောက်ပွဲကိစ္စနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးပါ ထည့်သွင်း‌ဆွေးနွေး

0
293

PPST အဖွဲဝင် အပစ်ရပ်အဖွဲ့ (၅) ဖွဲ့ ဆွေ့ဆုံဆွေးနွေးမှု အောင်မြင်သည့် ဆွေးနွေးပွဲဖြစ်ပြီး အချက် (၄) ချက် သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အပစ်ရပ်အဖွဲ့(၅) ဖွဲ့နှင့် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ ဒီဇင်ဘာ (၂၇) ရ က်မှ စတင်ကာ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံခြင်း ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို အခြေ ခံသော ပြည်ထောင်စုတည်ဆောက်ခြင်း ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေး ၊ တရားဥပဒေစိုးမိုးရေး ၊ ဒေသတည်ငြိမ်းရေး၊ ပါတီစုံဒီမို‌ကရေစီ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကိစ္စရပ်များ သဘော တူညီမှု ရရှိခဲ့ကြောင်း PPST အဖွဲ့ မှသတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး (၁၀)အချက် ဆွေးနွေးခဲ့ပြီး ပြင်ဆ င်မည့် စာတမ်းကို ” အဆိုပြုချက်မူကြမ်း” အဖြစ် ထားရှိရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် PPST အဖွဲ့ (၇) ဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံနိုင်ရေး ၊ စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်သွားရန် ၊ NCA လက်မှတ်မ ထိုးရသေးသည့်အဖွဲ့များ ပူးပေါင်းပါဝင်လာရန် နှစ်ဖက်ကြိုးစားသွားရေး ကိစ္စများလည်း သဘောတူညီမှု မှတ် တမ်း (၅) ရပ်အနေဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

PPST အဖွဲ့ (၅) ဖွဲ့ နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှ င့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့သ ည် ဒီဇင်ဘာ (၂၇) ရက်တွင် ဆွေးနွေးပွဲ အစီအစဉ် (၈)ရပ်ကို ကိုယ်စားလှယ်များအကြားဆွေးနွေးမှုအတည်ပြုကာ ဒီဇင်ဘာ (၂၈) ရက်တွင် ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here