ရုရှားက ဒုံးကျည်အမြောက်အမြားဖြင့် ယူကရိန်းကို ပစ်ခတ်ပြန်

0
142

ရုရှားနိုင်ငံသည် ကြာသပတေးနေ့အစောပိုင်းတွင် ယူကရိန်းနိုင်ငံအတွင်း မြို့တော် ကီယက်ဗ်၊ အရှေ့မြောက်ဘက်မြို့တော် ခါကိဗ်မြို့နှင့် အခြားမြို့များကို ပစ်မှတ်ထားကာ ဒုံးကျည်အမြောက်အမြား ပစ်ခတ်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပြန်ကာ လူအများ ဗုံးခိုလှုံရန်စီစဉ်ထားသည့်နေရာများသို့ အမြောက်အမြားရောက်ရှိလာကြကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

မီးသတ်သမားများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များက အပျက်အစီးများကို လိုက်လံရှင်းလင်းခြင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် မီးငြှိမ်းသတ်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

“ယနေ့နံနက်တွင် ရန်သူသည် ကျွန်ုပ်တို့နိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံများဆီသို့ သင်္ဘောမှပစ်လွှတ်သော ခရုဇ်ဒုံးကျည်များ၊ လေယာဉ်မှပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်” ဟု ယူကရိန်းထိပ်တန်းဗိုလ်ချုပ်ကြီး Valery Zaluzhny က သူ၏ တယ်လီဂရမ်အကောင့်တွင် ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်နှင့် တောင်ပိုင်းဒေသများရှိ အရေးကြီးသော စွမ်းအင်အခြေခံအဆောက်အအုံများကို အဆိုပါ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းတပ်မတော်မှ ဗိုလ်မှူးချုပ် Oleksiy Hromov က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here