အမေရိကန်နိုင်ငံသားတစ်ဦး ဖူးခက်လေဆိပ် လေးထပ်မှ ခုန်ချအဆုံးစီရင်

0
179

ဖူးခက်၊ဒီဇင်ဘာ ၂၉

အမေရိကန်နိုင်ငံသားတစ်ဦးသည် ယနေ့နေ့လည်ပိုင်း၌ ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ် လေးထပ်မှခုန်ချကာ မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်းသိရှိရသည်။

ဂျေဆင်(မျိုးရိုးအမည်ဖျောက်)အမည်ရှိ အဆိုပါအမေရိကန်နိုင်ငံသားသည် အပြန်လေယာဉ်လက်မှတ်အတွက် အမေရိကန်သံရုံး၌ ချေးငွေလျှောက်ထားပြီး တစ်ပတ်စောင့်ရမည့်အချိန်အား မစောင့်နိုင်သဖြင့် လေဆိပ်ေလး ထပ်မှခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

၎င်းသည် အဆုံးမစီရင်မီက သံရုံးချေးငွေအစား ညီမဖြစ်သူထံမှ ပိုက်ဆံတောင်းကာပြန်မည်ဟု ထိုင်းအရာရှိများအားပြောကြားခဲ့သော်လည်း နောက်ဆုံးတွင်အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်။

ဂျေဆင်သည် ဖူးခက်သို့ ဒီဇင်ဘာ ၁၇ ရက်နေ့ကရောက်ရှိခဲ့ပြီး လေဆိပ်ဝန်ထမ်းများအား ၎င်း၌စိတ်ကျရောဂါခံစားနေရကြောင်းပြောကြားခဲ့သဖြင့် ဝန်ထမ်းများက အစားအသောက်နှင့်ဆေးဝါးများဖြင့်ကူညီပေးခဲ့ကြသေးသည်။

မစ္စတာဂျေဆင် ခုန်ချသွားလျှင်သွားချင်း တာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ခဲ့ကြသော်လည်း အသက်မမှီတော့ဘဲ သေဆုံးသွားခဲ့သည်ဟုသိရှိရသည်။

Source : Khaosod English


LEAVE A REPLY

Please enter your comment!
Please enter your name here