တောင်ကိုရီးယား၌ မြောက်ကိုရီးယားအပေါ်ဒရုန်းပစ်ချခြင်းစစ်ရေးလေ့ကျင့်

0
324

ဆိုးလ်၊ဒီဇင်ဘာ ၂၉

မြောက်ကိုရီးယားဒရုန်းများ ကတောင်ကိုရီးယားလေပိုင်နက်အတွင်းသို့ ကျူးကျော်ပြီးသုံးရက်အကြာ၌ တောင်ကိုရီးယားတွင် ဒရုန်းပစ်ချနိုင် ရေးအတွက်လေ့ကျင့်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလေ့ကျင့်မှု၌ မြေပြင်အခြေစိုက်ဝေဟင်ပစ်လက်နက်များ၊ရန်သူ့ဒရုန်းအဖြစ်သရုပ်ပြလေ့ကျင့်သည့်ဒရုန်းများ၊တိုက်လေယာဉ်အစီး ၂၀၊တိုက်ခိုက်ရေးယာဉ်များနှင့် မောင်းသူမဲ့ယာဉ်များပါဝင်ကြောင်းသိရသည်။

လေ့ကျင့်ရာ၌ အမှန်တကယ် ပစ်ခတ်မှုမရှိသော်လည်း ၎င်းသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း နိုင်ငံ၏ ပထမဆုံးသောဒရုန်းလေ့ကျင့်မှုဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ယင်းသို့လေ့ကျင့်ရာ၌ ရန်သူ့ဒရုန်းများ မိမိတို့လေပိုင်နက်ထဲချိုးဖောက်ဝင်လာပါက မည်သို့ရှာဖွေခြေရာခံကာပစ်ချမည် စသည့်အချက်များအားလေ့ကျင့်ခဲ့ကြောင်း တာဝန်ရှိသူများ၏ထုတ်ပြန်ချက်အရသိရှိရသည်။

မြောက်ကိုရီးယား၏ ရန်စကျူးကျော်မှုနှင့်ပတ်သက်၍ တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်ကမူ ၎င်းတို့အနေဖြင့် ရန်စမှုတိုင်းကိုလက်တုံ့ပြန်ရန် ပြင်ဆင်ထားပြီးဖြစ်ကာ လေကြောင်းကာကွယ်ရေးကိုလည်းမြှင့်တင်ထားသည်ဟုဆိုခဲ့သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here