ဒေါ်အောင်ဆန်းစုကြည်နှင့် ဦး၀င်းမြင့်တို့ကို ရဟတ်ယာဉ်အဂတိမှုများနှင့် ပတ်သတ်ပြီးထောင် ၇ နှစ် စီ ချမှတ်

0
394

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ရဟတ်ယာဉ်အဂတိမှုများနှင့် ပတ်သတ်ပြီးထောင် ၇ နှစ် စီ ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှသိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် နေပြည်တော်အထူးတရားရုံး က ထောင် ၇ နှစ်စီ ချမှတ်လိုက်ခြင်းလည်းဖြစ်သည်။

ယနေ့ အမိန့်ချခဲ့သည့် အမှုများမှာ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တိုဖြင့် ဖြစ်ပြီး ထိုအထဲမှ အမှု အမှတ် ၄၉ အတွက် ထောင်ဒဏ် ၄ နှစ် နှင့် ကျန်အမှုများအတွက် ထောင်ဒဏ် ၃ နှစ်စီကို တစ်ပေါင်းတည်း ကျခံစေရန် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစုပေါင်း ၁၉ မှုဖြင့်တရားစွဲဆို ခံခဲ့ရပြီး ထိုအမှုများအတွက် ထောင်ဒဏ် ၃၃ နှစ် အထိ ချမှတ်ခံထားရပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here