သရုပ်ဆောင်မြင်စိုင်းသားအောင်အောင်ရဲ့ဇနီးဖြစ်သူ ဒေါ်ကျော့မှူးရဲ့စျာပနအခမ်းအနား

0
506

သရုပ်ဆောင် မြင်စိုင်းသားအောင်အောင်ရဲ့ ဇနီးသရုပ်ဆောင်ဟေမာန်အောင်အောင်ရဲ့မိခင်ဖြစ်သူ ဒေါ်ကျော့ကျော့အေး ( ခ ) ဒေါ်ကျော့မှူး အသက် ၆၇ နှစ် ဟာ ဒီဇင်ဘာ လ ၂၈ ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့တာဖြစ်ပါတယ်။

အခုလိုဆုံးပါးသွားတာနဲ့ပတ်သက်ပြီး သရုပ်ဆောင်မြင်စိုင်းသားအောင်အောင်က “သူရင်ဘတ်အောင့်တယ်ဆိုပြီးပြောတော့ သျှင်ပါဂူဆေးရုံမှာသွားပြီး ဆေးစစ်တဲ့အချိန် သူ့နှလုံးက အလုပ်သိပ်မလုပ်တော့ဘူးဆိုတာသိရတယ် သတိရတစ်ချက်မရတချက်နဲ့ ဖြစ်နေပြီး သူသတိရတဲ့အချိန်မှာ စိတ်မချတဲ့အကြည့်နဲ့စကားပြောဖို့ပြင်တယ် အမှန်တော့ သူစိတ်မချတာက အန်ကယ် တို့ကအိမ်ဌားနေရတော့ လကုန်လစာပေးရတော့မယ် ပေးဖို့ကလည်းငွေလိုနေတော့ သူ့မှာအဲ့စိတ်ဖြစ်နေတယ် သူမသေခင်မှာစိတ်ချသွားဖို့အတွက်အန်ကယ်တို့ဘေးကနေ အိမ် ကိစ္စ အဆင်ပြေသွားပြီ စိတ်မပူနဲ့တော့လို့ပြောလိုက်တဲ့အချိန် သူစိတ်ချသွားတဲ့ပုံစံမျိုးနဲ့ နောက်ဆုံး မနက် ၅ နာရီခွဲလောက်မှာဆုံးပါးသွားတယ် ” လို့ ပြောပါတယ်။

ဆက်လက်ပြီး ဟေမာန်အောင်အောင်က အမေ မသေခင်အချိန်မှာညီမတို့ကိုစိတ်ချတယ်ဆိုတဲ့ အကြည့်နဲ့ကြည့်ပြီးမှဆုံးသွားခဲ့တာ အမေ ကောင်းမွန်ရာရောက်ပါစေလို့ပြောခဲ့ပါတယ် ။


LEAVE A REPLY

Please enter your comment!
Please enter your name here