နှစ်သစ်ကူးပွဲ‌တော်ညအား မန္တလာသီရိအား ကစားကွင်း၌ကျင်းပမည်ဖြစ်ပြီး ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ယာယီပိတ်သိမ်း

0
295

မန္တလေးမြို့တွင် နှစ်သစ်ကူးပွဲ တော်ညအား မန္တလာသီရိအားကစားကွင်း၌ ဒီဇင်ဘာ ၃၁ ရက်ညပိုင်းတွင် ကျင်းပသွားမည်ဖြစ်၍ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ယာယီပိ၄တ်သိမ်းထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ သိရသည်။ နှစ်သစ်ကူးည Count Down ရေတွက်ခြင်းအပြင် နိုင်ငံ ကျော်တေးသံရှင်များကတေးသီချင်းများဖြင့်လည်း သီဆိုဖျော်ဖြေသွားမည်ဟု သိရသည်။

ထို့ပြင် နှစ်သစ်ကူးည အထိမ်းအမှတ်အဖြစ် မီးရှူး၊မီးပန်းများကိုလည်း ပစ်ဖောက်သွားမည်ဖြစ်သည်။

ထို့ကြောင့် မန္တလေးမြို့သူ၊မြို့သားများအနေဖြင့် နိုင်ငံတကာနှစ်သစ်ကူးညအား လွတ်လပ်စွာပါဝင်ဆင်နွှဲနိုင်ရန်  ညမထွက်ရအမိန့်အား ဒီဇင်ဘာ ၃၁ ရက်ည ၁၂ နာရီမှ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁ ရက်နံနက် ၄ နာရီအထိ ယာယီပိတ်သိမ်းပေးခဲ့ကြောင်း သိရသည်။

မန္တလာသီရိအားကစားကွင်း၌ ကျင်းပမည့် နှစ်သစ်ကူးပွဲတော်အား မည်သူမဆိုလွတ်လပ်စွာပါဝင်ဆင်နွှဲနိုင်ပြီး လာရောက်သူများအား ပိုက်ဆံအိတ်အသေးနှင့်ဖုန်းတို့ကိုသာ ယူဆောင်ခွင့်ပြုသွားမည်ဖြစ်သည်။

မန္တလေးမြို့နည်းတူ ရန်ကုန်မြို့၊ပြည်သူ့ဥယျာဥ်အတွင်း၌လည်း နိုင်ငံတကာနှစ်သစ်ကူးညအား ရန်ကုန်တိုင်းအစိုးရအဖွဲ့အစီအစဥ်ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်၍ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ဒီဇင်ဘာ ၃၁ ရက်ည ၁၂ နာရီမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နံနက် ၄ နာရီအထိ ယာယီပိတ်သိမ်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here