နေပြည်တော်၌ နိုင်ငံတကာနှစ်သစ်ကူးပွဲတော်အား နေပြည်တော်ရေပန်းဥယျာဥ်၌ ကျင်းပမည်ဖြစ်၍ ညမထွက်ရအမိန့်အား ခေတ္တပယ်ဖျက်

0
311

နိုင်ငံတကာနှစ်သစ်ကူးပွဲတော်(Count Down Party)အား ဒီဇင်ဘာ ၃၁ ရက်ညတွင် နေပြည် တော်ရေပန်းဥယျာဥ်နှင့်ဟိုတယ်အသီးသီး၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။

ထိုသို့ ကျင်းပရာ၌ မီးရှူးမီးပန်းပစ်ဖောက်ခြင်းနှင့်နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေခြင်းများဖြင့်လည်း စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။

ထို့ကြောင့် ပြည်သူများပျော်ရွှင်စွာလာရောက်ဆင်နွှဲနိုင်စေရန် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ဒီဇင်ဘာ ၃၁ ရက်ည ၁၂ နာရီမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နံနက် ၄ နာရီအထိ ယာယီပိတ်သိမ်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here