အင်ဒို၌ ၂၀၂၃ ခုနှစ်တွင်ပိုမိုပူပြင်းလာနိုင်ပြီး တောမီးများလည်းပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု အင်ဒိုမိုး/ဇလပြော

0
244

ဂျာကာတာ၊ဒီဇင်ဘာ ၂၉

၂၀၁၉ ခုနှစ်ကတည်းက အပူပြင်းဆုံးဒဏ်ခံစားခဲ့ရသည့် အင်ဒိုနီးရှားသည် လာမည့်နှစ်တွင်လည်း လာနီညာအားနည်းလာမှုကြောင့် အပူဒဏ်ဆက်လက်ခံစားရမည်ဖြစ်သည်ဟု အင်ဒိုမိုးလေဝသဌာနကပြောကြားခဲ့သည်။

မိုးရွာသွန်းမှုနည်းပါးပါက တောမီးအန္တရာယ်တိုးလာနိုင်ကြောင်းလည်း သတိပေးထားပြီး လွန်ခဲ့သည့်သုံးနှစ်တာကာလအတွင်း၌မူ ငလျင်နှင့်ဆူနာမီအန္တရာယ်ပိုများလာနိုင်ကြောင်းသတိပေးထားသည်။

“မေလကစလို့ လာမဲ့ ၂၀၂၃ ဧပြီအထိကာလတွေမှာ လွန်ခဲ့တဲ့သုံးနှစ်တာကာလနဲ့ယှဉ်ရင် ခြောက်သွေ့ပူပြင်းမှုတွေပိုဖြစ်လာနိုင်ပြီး တောမီးတွေလဲပိုဖြစ်လာနိုင်ပါတယ်” ဟု BMKG အမှုဆောင်အရာရှိချုပ်ကသတိပေးစကားဆိုခဲ့သည်။

လာမည့်ကာလများ၌ဖြစ်ပေါ်လာနိုင်သည့် အပူချိန်သည် ၂၀၁၉ ခုနှစ်ကဖြစ်ပေါ်ခဲ့ပြီး နိုင်ငံအတွက် ကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလျံအထိဆုံးရှုံးစေခဲ့သည့် တောမီးလောင်ကျွမ်းမှုနှင့် အတူတူခန့်ရှိနိုင်သည်ဟုသိရှိရသည်။တောမီးလောင်ကျွမ်းမှုအားတားဆီးနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနှင့် လက်တွဲလုပ်ဆောင်နေသည်ဟုလည်း၎င်းကဆိုသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here