နှစ်သစ်ကိုကြိုဆိုသောအနေဖြင့် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော အခမဲ့​ ပြေးဆွဲပေးမည်

0
300

၂၀၂၃ နှစ်သစ်ကိုကြိုဆိုသောအနေဖြင့် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော အခမဲ့​ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

The Love Boat မှ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ဗိုလ်တထောင်ညစျေးတန်း ဆိပ်ခံတံတားအမှတ် (၅) တွင် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ သင်္ဘောတွင် လူဦးရေ ၁၀၀ အထိလိုက်ပါနိုင်မည်ဖြစ်ပြီး ခရီးစဉ်မှာ ၂ နာရီခန့်ကြာမြင့်မည်ဖြစ်ကာ ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းပေးထားသည်ဟု တာ၀န်ရှိသူတစ်ဦးက ပြောသည်။

အပျော်စီးသင်္ဘောခရီးစဉ်တွင် လိုက်ပါလိုသူများအနေဖြင့် 09773399500 သို့ ဆက်သွယ် စာရင်းသွင်းရန်လိုအပ်ပြီး စာရင်းမသွင်းထားသူများအား လိုက်ပါစီးနင်းခွင့်ပြုမည်မဟုတ်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here