မော််လမြိုင်တွင် အိမ်စီးကား ၁ စီး အရှိန်လွန်ကာ ကုန်တင်အားအောက်၀င်ရောက်၊ယာဉ်ပေါ်ပါ ၂ ဦးသေဆုံး

0
238

မွန်ပြည်နယ်၊ မော််လမြိုင်တွင် ယနေ့ ( ဒီဇင်ဘာ ၃၀) ညနေပိုင်းက အိမ်စီးကား ၁ စီး အရှိန်လွန်ကာ ကုန်တင်အားအောက်၀င်ရောက်မိမှုကြောင့် ယာဉ်ပေါ်ပါ ၂ ဦးသေဆုံးခဲ့ကြောင်း မော်လမြိုင်လူမူကူညီရေးအသင်းများထံမှသိရသည်။

မော်လမြိုင်မြို့ တက္ကသိုလ်ပတ်လမ်းထိပ် ဒေါင်းဇရပ်တွင် ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အိမ်စီးကား ၁ စီး အရှိန်လွန်ကာ ကုန်တင်အားအောက်ရောက်သွားပြီး ကားပျက်စီးသွားကာ ယာဉ်ပေါ်ပါ မုဒုံမြို့နေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး နေရာတွင်ပင်သေဆုံးသွားသည်ဟု သိရသည်။

” အိမ်စီးကားက အရှိန်လွန်စလစ်ဖြစ်ပြီး ကုန်တင်အားအောက်၀င်သွားတာ ကားပေါ်ပါသူနှစ်ဦးလုံး နေရာမှာပဲသေဆုံးသွားတယ်။ ကားလည်းရစရာမရှိအောင်ပျက်စီးသွားတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါ၀င်သူတစ်ဦးကပြောသည်။

ထိုသို့ဖြစ်စဉ်ကြောင့် မီးသတ်တပ်ဖွဲ့၀င်များနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ကားကို ဆွဲထုတ်ပေးခဲ့ပြီး ကားအတွင်း ညှပ်ကျန်နေသည့် DB ကိုလည်း ကူညီဖယ်ထုတ်ပေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – ဇင်မိုး


LEAVE A REPLY

Please enter your comment!
Please enter your name here