မြောက်ကိုရီးယားက ကိုရီးယား ကျွန်းဆွယ် အရှေ့ဘက်သို့ ဒုံးကျည်သုံးလုံးထပ်မံပစ်လွှတ်

0
160

ဆိုးလ်၊ဒီဇင်ဘာ ၃၁

မြောက်ကိုရီးယားသည် စနေနေ့ယနေ့နံနက်၌ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်သို့ ဒုံးကျည်သုံးလုံးထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။

အဆိုပါတာတိုပစ်ပဲ့ထိန်းဒုံးကျည်သုံးလုံးအား ဒေသစံတော်ချိန်နံနက် ၈ နာရီခန့်က ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ပြုံယမ်း၏တောင်ဘက် ဟွမ်ဟေးဒေသမှပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။

မြောက်ကိုရီးယား၏ယခုကဲ့သို့ဒုံးကျည်ပစ်လွှတ်မှုသည် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ အာကာသယာဉ်အား အောင်မြင်စွာစမ်းသပ်လွှတ်တင်နိုင်ခဲ့ကြောင်း ကြေငြာပြီးနောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနှင့်အမေရိကန်မဟာမိတ် တောင်ကိုရီးယားတို့အကြားဆက်ဆံရေးသည် လက်ရှိတောင်ကိုရီးယားသမ္မတယွန်းဆော့ယော်၏လက်ထက်၌ ပိုမိုတင်းမာလာခဲ့သည်။

ယနေ့ပစ်လွှတ်မှုမပါ မြောက်ကိုရီးယားမှပစ်လွှတ်ခဲ့သောဒုံးကျည်များမှာ တစ်နှစ်အတွင်း ဒုံးကျည်အလုံး ၇၀ ခန့်ရှိပြီး တိုက်ချင်းပစ်ဒုံး ၈ လုံးခန့်ပါဝင်နိုင်သည်ဟုလည်းသိရှိရသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here