(၄၆) ကြိမ်​မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးဆုနှစ်ဆုကို ​အေးငြိမ်းချမ်းသာထီဆိုင် ဆွတ်ခူး

0
529

ယနေ့ ၂၀၂၃ ဇန်နဝါရီလ ၁ ရက်တွင်ဖွင့်လှစ်သည့် (၄၆) ကြိမ်​မြောက် ကျပ် (၁၀၀၀) တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အထူးဆုကြီးနှစ်ဆုဖြစ်သည့် ကျပ်သိန်း (၅၀၀၀) နှင့် ကျပ်သိန်း (၁၀၀၀) ဆုကို ​အေးငြိမ်းချမ်းသာထီဆိုင်မှဆွတ်ခူးရရှိသွားကြောင်းသိရသည်။

​အောင်ဘာ​လေသိန်းဆုဖွင့်ပွဲ ကျပ်သိန်း (၅၀၀၀) ဆုကို ​အေးငြိမ်းချမ်းသာထီဆိုင်မှ ဆ ၃၀၁၈၀၁၊ ကျပ်သိန်း (၁၀၀၀) ဆုကို  ခ ၆၅၉၃၉၅ နံပါတ်ဖြင့် ဆွတ်ခူးရရှိသွားခြင်း ဖြစ်သည်။

(၄၆) ကြိမ်မြောက် အောင်ဘာလေထီရောင်းရ​ငွေသည် (၄,၃၈၉,၀၀၀,၀၀၀) ကျပ်အထိရှိခဲ့ပြီး အခွန် (၃၀) ရာခိုင်နှုန်းဖယ်ပြီးရောင်းချရငွေကို ဆုမဲခွဲဝေပေးမည်ဖြစ်သည်။

ယနေ့ထီဖွင့်ပွဲတွင် အောင်ဘာလေထီဆု၏ အထူးဆုကြီးအနေဖြင့်

ကျပ်သိန်း ၅၀၀၀ ၊

ကျပ်သိန်း ၁၀၀၀ ၊

ကျပ်သိန်း ၅၀၀ ၊

ဆုတစ်ဆုခြင်း အနေဖြင့် ကျပ်သိန်း ၁၀၀

ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၊ ဝေဝေဆာဆာပဒေသာဆု အနေဖြင့်သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်းဆုနှင့် ဆုမဲအသစ်အနေဖြင့် ကျပ်တစ်သောင်းဆုတို့ကိုချီးမြှင့်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here