ယနေ့ ၂၀၂၃ ဇန်နဝါရီလ ၁ ရက်တွင်ဖွင့်လှစ်သည့် (၄၆) ကြိမ်မြောက် ကျပ် (၁၀၀၀) တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အထူးဆုကြီးနှစ်ဆုဖြစ်သည့် ကျပ်သိန်း (၅၀၀၀) နှင့် ကျပ်သိန်း (၁၀၀၀) ဆုကို အေးငြိမ်းချမ်းသာထီဆိုင်မှဆွတ်ခူးရရှိသွားကြောင်းသိရသည်။
အောင်ဘာလေသိန်းဆုဖွင့်ပွဲ ကျပ်သိန်း (၅၀၀၀) ဆုကို အေးငြိမ်းချမ်းသာထီဆိုင်မှ ဆ ၃၀၁၈၀၁၊ ကျပ်သိန်း (၁၀၀၀) ဆုကို ခ ၆၅၉၃၉၅ နံပါတ်ဖြင့် ဆွတ်ခူးရရှိသွားခြင်း ဖြစ်သည်။
(၄၆) ကြိမ်မြောက် အောင်ဘာလေထီရောင်းရငွေသည် (၄,၃၈၉,၀၀၀,၀၀၀) ကျပ်အထိရှိခဲ့ပြီး အခွန် (၃၀) ရာခိုင်နှုန်းဖယ်ပြီးရောင်းချရငွေကို ဆုမဲခွဲဝေပေးမည်ဖြစ်သည်။
ယနေ့ထီဖွင့်ပွဲတွင် အောင်ဘာလေထီဆု၏ အထူးဆုကြီးအနေဖြင့်
ကျပ်သိန်း ၅၀၀၀ ၊
ကျပ်သိန်း ၁၀၀၀ ၊
ကျပ်သိန်း ၅၀၀ ၊
ဆုတစ်ဆုခြင်း အနေဖြင့် ကျပ်သိန်း ၁၀၀
ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၊ ဝေဝေဆာဆာပဒေသာဆု အနေဖြင့်သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်းဆုနှင့် ဆုမဲအသစ်အနေဖြင့် ကျပ်တစ်သောင်းဆုတို့ကိုချီးမြှင့်ခဲ့သည်။