ကိုဗစ်ဖြစ်နေသော်လည်း ဝူဟန်မြို့၌လူစုလူဝေးဖြင့် နှစ်သစ်ကူးပွဲကျင်းပ

0
192

ဝူဟန်၊ဇန်နဝါရီ ၁

၂၀၂၂ တစ်နှစ်လုံးနီးပါး လော့ခ်ဒေါင်းများ၊မွန်းကြပ်မှုများနှင့်နေထိုင်ရပြီးနောက် ဒီဇင်ဘာလ ၃၁ ရက်နေ့နှစ်ကူးည၌ ဝူဟန်မြို့မှပြည်သူများသည် လမ်းပေါ်ထွက်လာကာ နှစ်သစ်အားကြိုဆိုခဲ့ကြကြောင်းသိရှိရသည်။

ည ၁၂ နာရီထိုးချိန်၌ လူအများသည် ဝူဟန်မြို့လယ်၌စုရုံးကာ ကောင်းကင်သို့ဘောလုံးများလွှတ်တင်လျက် နှစ်သစ်အားကြိုဆိုခဲ့ပြီး အမှတ်တရဓာတ်ပုံရိုက်ခြင်းများပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။

“၂၀၂၂ ကအင်မတန်ဆိုးတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်၊ကျွန်တော့်ဆွေမျိုးထဲကတစ်ချို့ ဆေးရုံ‌တင်ခဲ့ရတယ်၊အခုနှစ်သစ်မှာသူတို့တွေအမြန်ဆုံးပြန်ကျန်းမာလာဖို့ဆုတောင်းပေးပါတယ်” ဟု အသက် ၁၇ နှစ်အရွယ်အထက်တန်းကျောင်းသားတစ်ဦးကပြောကြားခဲ့သည်။

မူလတန်းပြဆရာမတစ်ဦးကမူ “ဒီလိုအခြေအနေ အဖြစ်အပျက်တွေက ဘယ်ချိန်မှလုံးဝရပ်မလဲကျွန်မလဲသိချင်မိတယ်၊အခုလဲအများထွက်လို့မ‌နေနိုင်လို့ ထွက်လာပေမဲ့ ရောဂါပြန်ကူးမှာတော့စိတ်ပူမိတယ်” ဟုဆိုခဲ့သည်။

ယခုကဲ့သို့စုရုံးမှုများ ပြုလုပ်လာသော်လည်း ယခင်သာမန်အချိန်ထက်စာလျှင်မူလူနည်းနေသေးသည်ဟု ဝူဟန်မြို့စားသောက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောကြားခဲ့ပြီး နှစ်သစ်၌ယခုထက်ပိုကောင်းသည့်အခြေနေများ ဖြစ်ပေါ်လာရန်ဆန္ဒပြုသည်ဟုလည်း ပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here