အနောက်အုပ်စုအနေဖြင့် ရုရှားပျက်စီးစေဖို့ ယူကရိန်းကိုအသုံးချနေသည်ဟု နှစ်ကူးမိန့်ခွန်း၌သမ္မတပူတင်ပြော

0
159

မော်စကို၊ဒီဇင်ဘာ ၃၁

ရုရှားသမ္မတပူတင်က ၎င်းအနေဖြင့် ယူကရိန်းအားလက်နက်တစ်ခုအဖြစ်အသုံးပြုကာ ရုရှားကို ပျက်စီးအောင်လုပ်နေသည့် အနောက်နိုင်ငံများ၏ ကြိုးပမ်းမှုကို လုံးဝအလျှော့ပေးမည်မဟုတ်ကြောင်း စနေနေ့တွင်ပြောကြားခဲ့သည်။

အဆိုပါမိန့်ခွန်း၌ ရုရှားသမ္မတပူတင်က အမိမြေကို ကာကွယ်ရန်နှင့် ပြည်သူများအတွက် စစ်မှန်သော လွတ်လပ်ရေးရရှိရန် ယူကရိန်း၌တိုက်ပွဲဝင်နေခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

အနောက်အုပ်စုသည် ယူကရိန်းကိုသွေးထိုးကာ ရုရှားနှင့်ရန်တိုက်ပေးပြီး အထူးစစ်ရေးစစ်ဆင်မှုအား အခြေအနေပိုဆိုးအောင်လုပ်နေခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“အနောက်အုပ်စုက ငြိမ်းချမ်းရေး၊ငြိမ်းချမ်းရေးလို့ ပါးစပ်ကအော်နေပေမဲ့ သူတို့ပြောတဲ့ငြိမ်းချမ်းရေးက အရေခြုံငြိမ်းချမ်းရေးအဆင့်ပဲရှိပါတယ်” ဟုဆိုခဲ့သည်။

သို့သော်ကိဗ်နှင့် အနောက်နိုင်ငံများသည် ပဋိပက္ခစတင်မှုနှင့်ပတ်သက်၍ မော်စကို၏စွပ်စွဲချက်များကိုပယ်ချကာ ပူတင်သည်နယ်မြေသိမ်းပိုက်ရန်နှင့် ယူကရိန်းသမ္မတ ဇလန်းစကီးကိုဖြုတ်ချရန်အတွက်သာ အခြေအမြစ်မရှိသည့်ရန်လို သောစစ်ပွဲကို စတင်ခဲ့ခြင်းဖြစ်သည်ဟုပြန်လည်ချေပကြသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here