ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ပျောက်ဆုံးနေသည့် လူငယ်အား ၂ ရက်အကြာတွင်ပြန်တွေ့ စက်ဘီး၊ဖုန်းနှင့်ငွေကြေးအချို့ယူဆောင်သွားခံရ

0
343

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၅ ရပ်ကွက်နေ ဒီဇင်ဘာ ၂၉ ရက်နေ့လည်ပိုင်းက ပျောက်ဆုံးသွားသည့် ကိုသီဟထွန်း(၃၁)နှစ်အား ၂ ရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မိ သားစုဝင်များထံမှ သိရသည်။

” ဒီဇင်ဘာ ၃၁ ရက်ညနေ ၅ နာရီလောက်က ပင်လုံဆေးရုံးနား တံတားပေါ်ကနေပြန်တွေ့ခဲ့တာပါ ကျွန်တော်တို့အိမ်နားက သားအဖ ၂ ယောက်ကအဲဒီတံတားပေါ်ကနေဖြတ်သွားရင်းတွေ့တာနဲ့ ကျွန်တော့်ကိုဖုန်းဆက်အကြောင်းကြားတယ် ဒါနဲ့ ကျွန်တော်နဲ့ကျွန်တော့်အဖေသွားခေါ်ခဲ့တာပါ”ဟု ပျောက်ဆုံးသူ၏ အကိုဖြစ်သူ ကိုဝေမိုးကပြော သည်။

ပျောက်ဆုံးနေသည့် ကိုသီဟထွန်းအား အားနည်းကာမူးဝေနေသော အနေအထားဖြင့် ပျောက်ဆုံးသွားသည့်ရက်ကဝတ်ဆင်ထားသည့် အဝတ်အ စားဖြင့် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး စက်ဘီး၊ဖုန်း၊ငွေကြေးများနှင့်ဦးထုပ်တို့ လုယက်ယူဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့သွားခေါ်တဲ့အချိန် အကုန်မှတ်မိတယ် အားနည်းပြီးမူးနေတဲ့အနေအထားနဲ့တွေ့တယ် ဆေးမိထားတဲ့အနေအထားပေါ့ လက်ထဲမှာလည်း ရေသန့်တစ်ဗူးကိုင်ထားတယ် ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး လည်ပင်းနည်းနည်းနာနေတယ်ပြောတယ် စကားကတော့ ဆေးအရှိန်နဲ့သိပ်မပြောနိုင်ဘူး ပျောက်တဲ့နေ့ကအဖြစ်အ ပျက်ကို သေချာမပြောပြနိုင်သေးဘူး ရထားလမ်းဘေးကနေလမ်းပေါ်ကိုတက်လာတာပဲသိတယ်ပြောတယ် အခု ဆရာဝန်နဲ့ပြထားပါတယ်”ဟု ကိုဝေမိုးကပြောသည်။

လက်ရှိအချိန်၌ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစ ခန်း၌ တိုင်ကြားထားသည့် လူပျောက်တိုင်ကြားချက်အား ပြန်လည်ပိတ်သိမ်းခဲ့သည်ဟု သိရသည်။

“အမှုပိတ်လိုက်ပါပြီ ကျွန်တော့်ညီကိုအသက်မသေဘဲပြန်တွေ့ရတာကိုပဲ ဝမ်းသာပါပြီ ဆရာဝန်နဲ့ပြထားပြီးလို့ ဒီနေ့မနက်လည်း အခြေအနေကောင်းပါတယ် ဆရာဝန်ပြောပုံအရဆိုရင် လည် ပင်းနာတာက အစားမစားရတာကြာတဲ့အတွက် လည်ချောင်းနာတာလို့ပြောပါတယ် အဖျားနည်းနည်းရှိတယ် သူကြုံတွေ့ခဲ့ရတဲ့အခြေအနေကိုတော့ သေချာမပြောနိုင်သေးဘူး”ဟု ကိုဝေမိုးကပြောသည်။

ကိုသီဟထွန်းသည် ဒီဇင်ဘာ ၂၉ ရက်နေ့လည် ၃ နာရီ ၅၀ မိနစ်ခန့်က နေအိမ်မှပြိုင်စက်ဘီး(အပြာရောင်)ဖြင့် ၃၀ ရပ်ကွက်ရှိ ကျောင်းလမ်းသို့သွားသည့်အချိန်၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here