ပုပ်ရဟန်းမင်းအတွက် ​အောက်စ်ဖို့ ဆရာ​တော်၏ဆု​တောင်း

0
275

ဘက်နက်ဒစ် ၁၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီးယမန်နေ့က ပျံလွန်တော်မူသွားခြင်းအပါ် ​အောက်စ်ဖို့ဆရာ​တော် ပါ​မောက္ခ​ဒေါက်တာ အရှင်ဓမ္မသာမိက ငြိမ်းချမ်းရာ၌ အနားယူနိုင်ပါစေ ကြောင်း မေတ္တာပို့သဆုတောင်းပေးခဲ့သည်။

“ခန္ဓာကိုယ် တတ်စွမ်းသရွေ့

လူသားကောင်းကျိုးကို

အကေါင်းဆုံး ဆောင်ရွက်ခဲ့ပြီမို့

နောက်ပြန်လှည့်ကြည့်စရာမရှိတော့၊

ကေါင်းမွန်သော နောက်ဘဝမှာ ဆက်လက် နေထိုင်တော်မူပါ။

၂၀၁၄ တွင် လန်ဒန်မြို့အနီး

ထွိကင်ဟန် မြို့ရှိ စိန့်မေရီ တက္ကသိုလ်၌ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံရသည်ကို အမှတ်တရ ရှိနေပါမည်”  ဟု​​ဆရာ​တော်၏​လူမူကွန်ရက် စာမျက်နှာတွင်ရေးသားထားသည်။

ဆရာ​တော်က ကက်သလစ်တက္ကသိုလ်ဖြစ်သော စိန့်မေရီတက္ကသိုလ်၌

ပါရဂူစာတမ်း နှစ်စောင်ကို စစ်ပေးခဲ့ခြင်း၊စပိန်နိုင်ငံအဗီလာ ရှေးဟောင်းမြို့၌ တည်ရှိသောကားမလိုက် (ကက်သလစ်) ဂိုဏ်းခွဲတက္ကသိုလ်၌လည်း ထေရဝါဒ တရားထိုင်ခြင်းဆိုင်ရာ ကွန်ဖရင့်၌

၂၀၁၇ တွင် စာတမ်းဖတ်ခဲ့ခြင်းစသည့်ကုသိုလ်ကေါင်းမှု အစုစုကိုလည်းအမျှပေးဝေ​ကြောင်း​ရေးသားထားပါသည်။

ပုပ်ရဟန်းမင်းကြီးသည် ကက်သလစ်အသင်းတော်၏ အကြီးအကဲနှင့် ဗာတီကန်စီးတီး၏ အချုပ်အဖြစ် ၂၀၀၅ ခုနှစ် ဧပြီလ ၁၉ ရက်မှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၈နှစ်တာ လုပ်​ဆောင်ခဲ့ပြီးဂျာမန် တက္ကသိုလ်များစွာတွင် ခရစ်ယာန်သာသနာဆိုင်ရာ အတွေးအခေါ် တရားဓမ္မပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်သည်။ 

ပုပ်ရဟန်းမင်းကြီးရာထူးသို့ ရွေးကေါက်တင်မြောက်မခံရခင်

ဗာတီကန်တွင် နှစ်ပေါင်းများစွာ ကက်သလစ်ဘာသာဝင်တို့၏ အဆုံးအမအစစ်အမှန်ထိန်းသိမ်းမှုဆိုင်ရာဌာနတွင် ကာဒီနယ်လ်ရာထူးဖြင့် ဦးဆောင်တာဝန်ယူရသော ပညာရှင်ဖြစ်ပါသည်။

 ၂၀၂၂ ခုနှစ်၏​နောက်ဆုံးရက်တွင်ပျံ​လွန်​တော်မူပြီး ပျံလွန်ချိန်တွင်သက်​တော် ၉၅နှစ်ရှိပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here