တာချီလိတ်မြို့နယ်တွင် ၁၂ ဘီးကားပေါ်မှ ထိန်း ချုပ်ဓာတုပစ္စည်း (ကဖင်း)များဖမ်းမိ

0
154

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မယ်ယန်းပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၃၀ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၄ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သော ပူး ပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊မယ်ယန်းပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် ခွန်မောင်းပေး(၃၂) နှစ်မောင်းလာသည့် MITSUBISHI FUSO ၁၂ ဘီးကားအား စစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ထိန်း ချုပ်ဓာတုပစ္စည်း(ကဖင်း) ၁၀၀၀ ကီလိုအား ဖမ်း ဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ ဆက်စပ်ပြစ်မှုကျူးလွန်သူ ခွန်ဝေ(ခ)ခွန်လု(၃၀)နှစ်အား တောင်ကြီးမြို့၊ညောင် ဖြူစခမ်းရပ်ကွက်၊အောင်မေတ္တာလမ်းရှိ နေအိမ်မှထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဟောင်လိတ်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here