မိုင်းဖုန်းရှိ ကောင်းမှုခမ်းလုံဗုဒ္ဓဂယာစေတီတော်ဝင်းအတွင်းရှိ ဌာန(၂)အနိမိသစေတီကို မိုင်းဖုန်းဆရာတော်ဦးဆောင်၍ စိန်ဖူးတော်တင်လှူပူဇော်

0
257

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မိုင်းဖုန်းရှိ ကောင်းမှုခမ်းလုံဗုဒ္ဓဂယာစေတီတော်မြတ်ကြီးဝင်းအတွင်းရှိ ဌာန(၂)အနိမိသစေတီအား မိုင်းဖုန်းဆရာတော်ကြီးဦးဆောင်၍ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက စိန်ဖူးတော်တင်လှူပူဇော်ခဲ့သည်။

မိုင်းဖုန်းဆရာတော်ကြီး၏ သက်တော်(၆၀)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် ကောင်းမှုခမ်းလုံ ဗုဒ္ဓဂယာစေတီဝင်းအတွင်းရှိ သတ္တသတ္တာဟ(၇)ဌာနမှ ဌာန(၂)အနိမိသစေတီအား စိန်ဖူးတော်တင်လှူပူဇော်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သံဝေဇနိယ(၄)ဌာနဖြစ်သည့် ဖွားတော်မူနေရာ၏ အောက်ဌာပနာတော်၊ ဘုရားပွင့်တော်မူနေရာဖြစ်သည့် ဗုဒ္ဓဂယာစေတီနောက်ဆုံးဌာပနာ ၏ အောက်ဌာပနာ၊ ဓမ္မစကြာတရားဦးဟောတော်မူသည့်နေရာဖြစ်သော အောက်ဌာပနာ၊ပရိနိဗ္ဗာန်စံတော်မူရာ အောက်ဌာပနာတော်တို့ကိုလည်း ဌာပနာတော်များ ပိတ်သွင်းခဲ့ကြောင်း သိရသည်။

ကောင်းမှုခမ်းလုံ ဗုဒ္ဓဂယာမဟာဗောဓိစေတီတော်ဝင်းအတွင်းရှိ ဌာန(၂)အနိမိသစေတီတော်၌ တင်လှူပူဇော်မည့် စိန်ဖူးတော်အား ဒီဇင်ဘာ ၃၀ ရက်က ပုံလို့ကျောင်းတိုက်မှပင့်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here