ရန်ကုန်မြို့တွင် ယနေ့နေ့လည်ပိုင်းက မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့

0
171

ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်နှင့်တိုက်ကြီးမြို့နယ်တို့တွင် ဇန်နဝါရီ ၁ ရက်(ယနေ့)နေ့လည်ပိုင်းက မီးလောင်မှုများဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နေ့လည် ၃ နာရီ ၅၇ မိနစ်ခန့်က ဗဟန်းမြို့ နယ်၊ဗိုလ်ချို(၂)ရပ်ကွက်၊နတ်မောက်လမ်းသွယ် (၁)တွင် မီးလောင်မှုဖြစ်ပွား၍ တာမွေမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ညနေ ၄ နာရီ ၈ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထို့ပြင် နေ့လည် ၃ နာရီ ၁၆ မိနစ်ခန့်တွင်လည်းတိုက်ကြီးမြို့နယ်၊ဥတိုကျေးရွာအနီးတွင် မြက် ခြောက်မီးလောင်မှုအား တိုက်ကြီးမြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီ ၄၁ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here