ကလောတွင် ထမင်းဆိုင်အနောက်၌ မြေပြိုကျကာပိမိသွားသည့် အမျိုးသား ၃ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့

0
121

ရှမ်းပြည်နယ်၊ကလောမြို့နယ်၊ရေယောင်းမကျေးရွာအနီးရှိ တောင်ကြီး-မိတ္ထီလာသွားကားလမ်းဘေးတွင် ဇန်နဝါရီ ၁ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က ကလောမြို့နယ်၊ရေယောင်းမကျေးရွာအနီးရှိ တောင်ကြီး-မိတ္ထီလာသွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၆၃/၃ နှင့် ၆၃/၄ ကြားတွင်ဖွင့်လှစ်ထားသည့် ထမင်းဆိုင်အနောက်ဘက်တွင် မြေထိန်းနံရံပြုလုပ်ရန်မြေတူးခဲ့သည်။

ထိုသို့ မြေတူးနေစဉ်မြေပြိုကျ၍ အမျိုးသား ၃ ဦးပိမိသွားကြောင်း သတင်းအရ ကလောမြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် မြေပြိုပိမိသွားသည့် အမျိုးသား ၃ ဦးအား နေ့လည် ၁ နာရီ ၅၀ မိနစ်တွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

“ကယ်ဆယ်ချိန် ၂ နာရီကျော်လောက်ကြာတယ် အဖိတ်အစင်မရှိဘဲ ကယ်ဆယ်နိုင်ခဲ့ပါတယ် ထိခိုက်ဒဏ်ရာရတာလည်း မရှိပါဘူး”ဟု ကလောမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here