နှစ်သစ်ကူးကာလတွင် မန္တလေးမြို့၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများပြုလုပ်ရန် စီစဉ်နေသည့် Mandalay Young Force(MYF)နှင့်ဝက်လက် PDF အဖွဲ့ဝင် ၁၆ ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ

0
235

မန္တလေးမြို့၌ နှစ်သစ်ကူးကာလအတွင်း ဖောက်ခွဲဖျက်စီးမှုများပြုလုပ်ရန် စီစဥ်နေသည့် Mandalay Young Force(MYF)နှင့်ဝက်လက် PDF အဖွဲ့ဝင် ၁၆ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဒီဇင် ဘာ ၃၁ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့၌ ဖောက်ခွဲမှုများပြုလုပ်ရန်စီစဥ်နေသူများအနက် Mandalay Young Force(MYF) အဖွဲ့ဝင်များဖြစ်သည့် ကျော်မင်းခန့်၊ဟိန်းထက်အောင်(ခ)ကိုဟိန်း တို့အား ဒီဇင်ဘာ ၃၁ ရက်ညနေပိုင်းတွင် သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက ချမ်းမြသာစည်မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ညပိုင်းတွင် ယမင်း၊ ဝက်လက် PDF အဖွဲ့ဝင်များဖြစ်သည့် အောင်ထက်ကျော် (ခ)တိုက်ဂါး၊ရဲသူစံ၊ ချမ်းအေးသာဇံမြို့နယ်ရှိ မလွန်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဥုးအိန္ဒြာစက္က(ခ)အေးကို၊ Mandalay Young Force (MYF)အဖွဲ့ဝင်များဖြစ်သည့် ထက်အောင်လင်း၊လင်းလင်း(ခ)ဖက်တီး၊မိုးမြင့်သူ၊နေသူရိန်(ခ) အောင်ပြည့်ဖြိုး၊လှိုင်မျိုးဝင်း၊ရန်ပိုင်ထွန်း(ခ)စော် ဘွား၊အံ့ဖုန်းခန့်၊အာကာဖြိုး(ခ)စောအာကာ တို့အားဖမ်းဆီးရမိခဲ့သည်။ 

ဖမ်းဆီးစဉ် လှိုင်မျိုးဝင်းနှင့်အာကာဖြိုး(ခ)စောအာကာတို့သည် လုံခြုံရေးအဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့် သေနတ်အားလုယူထွက်ပြေးရန်ကြိုးပမ်းသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ လှိုင်မျိုးဝင်းအား ဘယ်ပေါင်ကျည်ထိမှန်ဒဏ် ရာ(မစိုးရိမ်ရ)၊အာကာဖြိုး(ခ)စောအာကာ အား ဘယ်ရင်ဘတ်ကျည်ရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)တို့ဖြင့် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းတွင်လည်း သာထက်ခန့်၊မျိုးသူအောင် တို့အားထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှ အမျိုးသား ၁၄ ဦး၊အမျိုးသမီး ၂ ဦး (စုစုပေါင်း ၁၆ ဦး)တို့အား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၁၁ လုံး၊အချိုရည်ဘူးဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၄ လုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ မန္တလေးမြို့၌ ၎င်းတို့ပြစ်မှုကျူးလွန်ခဲ့မှုဖြစ်စဥ်များနှင့်ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ရန် စီစဥ်ထားမှုများအား ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here