ယူကရိန်းတိုက်ခိုက်ရေးဒရုန်းထုတ်စက်ရုံများအား ရုရှားလေကြောင်းမှ တိုက်ခိုက်ခဲ့

0
135

တိုက်ခိုက်ရေးဒရုန်းများထုတ်လုပ်ရေးစက်ရုံများအပါအဝင် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ နေရာများကို ရုရှားစစ်တပ်က ဒီဇင်ဘာ ၃၁ ရက်တွင် တိကျသော တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Igor Konashenkov က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ရုရှားစစ်တပ်ဟာ  တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်တွေထုတ်လုပ်ရာမှာ ပါဝင်နေတဲ့ ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာမှာ တာဝေးပစ်လေကြောင်းပစ်လက်နက်တွေကို အသုံးပြုခဲ့ပါတယ်”ဟု ပြောကြားသည်။

ယင်းတိုက်ခိုက်မှုသည် ယူကရိန်းတို့၏ အစီအစဉ်များကို ပျက်ပြားစေခဲ့ကြောင်း Konashenkov က ပြောကြားသည်။

Ref: Russian army hits Ukraine’s combat drone production sites on Dec 31


LEAVE A REPLY

Please enter your comment!
Please enter your name here