မန္တလေးတွင် ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
504

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်တွင် ဇန်နဝါရီ ၂ ရက်(ယနေ့)နံနက်ပိုင်းက ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်သည့် ဦးဝင်းအောင်(၅၀)နှစ်ခန့်သည် နေအိမ်အနီး၌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၉ လမ်းနှင့် ၉၀ လမ်းကြားတွင် အသက် (၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ ၃၄ လမ်း၊ ၈၉ လမ်းနှင့်ဒေးဝန်းလမ်းကြားနေ ဦးဝင်းအောင်(၅၀)နှစ်ခန့်သည် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးနေခြင်းဖြစ် ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

“သေဆုံးသွားတဲ့လူက ကျောက်အရောင်းအဝယ်လုပ်တဲ့လူပါ ဘာ့ကြောင့်ပစ်သတ်ခံရတယ်ဆိုတာတော့စုံစမ်းဆဲပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ချမ်းအေးသာစံမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here