မွန်ပြည်နယ်တွင် လူတစ်စုက ခရီးသည်တင်ကားအား သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ခရီးသည်များထံမှ ရွှေ၊ငွေကြေးနှင့်ဖုန်းများအား ဓားပြတိုက်ယူဆောင်သွား

0
414

မွန်ပြည်နယ်၊ရေးမြို့နှင့်သံဖြူဇရပ်မြို့နယ်ကြားရှိ မလွှဲတောင်အနီးတွင် ဇန်နဝါရီ ၂ ရက်(ယနေ့)နံ နက်အစောပိုင်းက ရန်ကုန်-မြိတ် ပြေးဆွဲနေသည့် ခရီးသည်တင်ကား ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီခွဲခန့်က မလွှဲတောင်အနီးတွင် သေနတ်များကိုင်ဆောင်ထားသည့် လူတစ်စုမှ ရန်ကုန်ဘက်မှမြိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် “ရွှေဝယ်သူ”ခရီးသည်တင်ကားအား သေ နတ်ပစ်ဖောက်ခြိမ်းခြောက်၍ တားဆီးခဲ့ကြသည်။

ထို့နောက် ခရီးသည်တင်ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များထံမှ ရွှေထည်ပစ္စည်းများ၊ငွေများ၊ဖုန်းများနှင့်ပစ္စည်းအချို့အား ဓားပြတိုက်ယူ ဆောင်သွားခဲ့ကြောင်း သိရသည်။

“ခရီးသည်တင်ကား ဓားပြတိုက်ခံရတယ်ဆိုတာဟုတ်တယ် သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ စစ်ဆေးရေးတွေလုပ်နေကြတယ် ဓားပြတွေယူ သွားတဲ့ ပစ္စည်းစာရင်းအတိအကျကတော့မသိဘူးဗျ ခန့်မှန်းကတော့ စုစုပေါင်း သိန်း ၂၀၀ လောက်ရှိမယ်လို့ပြောတယ်”ဟု မွန်ပြည်နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ-ရွှေဝယ်သူ အဝေးပြေးခရီးသည်တင်ကားပုံဟောင်းအား အသုံးပြုထားခြင်းဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here