အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း အမည်မသိအမျိုးသား ၂ ဦး၏ ရုပ်အလောင်းများတွေ့ရှိ

0
817

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ဇန်နဝါရီ ၂ ရက်(ယနေ့)နံနက်၌ အမည်မသိအမျိုးသား ၂ ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ရသည်ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများတွေ့ရှိကြောင်း သတင်းအရ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

သေဆုံးသူ ၂ ဦးမှာ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ စစ်ကိုင်းလမ်းတွင် တစ်ဦး၊တနင်္သာရီလမ်းတွင် တစ်ဦးတို့ဖြစ်ကာ အမည်၊အသက်၊နေရပ်လိပ်စာ(စုံစမ်းဆဲ)များဖြစ်သည်။

ထို့ကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများအား မေဓာဝီဆေးရုံရင်ခွဲရုံသို့ပို့ဆောင်၍ PR-5 , PR-7 တို့ဖြင့်အပ်နှံခဲ့ကြကြောင်း သိရသည်။
Photo-ပုလဲအရန်မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here