၄၆ ကြိမ်မြောက် အောင်ဘာလေကျပ်သိန်း ၅၀၀၀ ဆုအား နေပြည်တော်အခြေစိုက် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဆွတ်ခူး

0
385

၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁ ရက်ကဖွင့်လှစ်ခဲ့သည့် ၄၆ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ၌ အမြင့်ဆုံးထီဆုဖြစ်သော ကျပ်သိန်း ၅၀၀၀ ဆုအား နေပြည်တော်၊ပုဗ္ဗသီရိမြို့အခြေစိုက် ပုဗ္ဗတွဲလက်များလူမှုကူညီရေးအသင်း ဥက္ကဋ္ဌမှဆွတ်ခူးခဲ့ကြောင်း သိရသည်။

“အသင်းအတွက် လက်ရှိလိုအပ်နေတဲ့ လူနာတင်ယာဥ်တစ်စီးဝယ်မယ်ပြီးရင် အထွေထွေသုံးပေါ့ အအေးခန်းအခေါင်းတင်တာ အောက်စီဂျင်အိုးတင်တာတွေသုံးဖို့ ကားတစ်စီးဝယ်ပြီးအားဖြည့်သွားမယ် ကျွန်တော်ရတဲ့ ငွေကြေးအကုန်လုံးကို အသင်းအတွက်ပဲ အသုံးပြုသွားမှာပါ”ဟု ပုဗ္ဗတွဲလက်များလူမှုကူညီရေးအသင်း ဥက္ကဋ္ဌကိုဟိန်းမင်းဝင်းကပြောသည်။

ထို့ပြင် ရရှိသည့်ထီဆုကြေးငွေဖြင့် သက်ကြီးဘိုးဘွားများအား နေ့ပိုင်းစောင့်ရှောက်မှုများပြုလုပ်မည့် ဂေဟာအတွက်လိုအပ်သည့် မြေနေရာအား အသင်းပိုင်အနေဖြင့်ဝယ်ယူသွားမည်ဖြစ်ပြီး နှစ်ဦးတရားပွဲကိုလည်း ၃ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌကိုဟိန်းမင်းဝင်း၏ပြောကြားချက်အရ သိရသည်။

“ကျွန်တော်ရတဲ့ထီဆုကြေးငွေထဲကနေ မိတ်ဖက်အသင်းတွေကိုလည်း ခွဲဝေထောက်ပံ့ပေးသွားမှာပါ ကျွန်တော်နဲ့ထီစပ်တူထိုးတဲ့ ညီမကလည်း အသင်းအတွက်လိုအပ်တာတွေ ကူညီပေးသွားမယ်လို့ပြောတယ်”ဟု ဥက္ကဋ္ဌကိုဟိန်းမင်းဝင်းကပြောသည်။

ပုဗ္ဗတွဲလက်များလူမှုကူညီရေးအသင်း ဥက္ကဋ္ဌကိုဟိန်းမင်းဝင်းသည် ဒီဇင်ဘာ ၃၁ ရက်ညပိုင်းက အသင်းဝင်အမျိုးသမီးတစ်ဦးနှင့်အတူ ၃ စောင်တွဲထီအား ကိုဝတုတ်ထီဆိုင်မှ ဝယ်ယူကံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here