ကန်နိုင်ငံခြားရေးဝန်ကြီးကတရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် နှစ်နိုင်ငံဆက်ဆံရေးဆွေးနွေးခဲ့ဟုဆို

0
189

ဝါရှင်တန်၊ဇန်နဝါရီ ၂

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် တရုတ်နိုင်ငံမှအသစ်ခန့်အပ်လိုက်သော နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်နှင့်ဖုန်းဖြင့်စကားပြောခဲ့ကြောင်းသိရှိရသည်။

မစ္စတာချင်ဂန်သည် ယခင်ကအမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်အပတ်ကမှ နိုင်ငံခြားရေးဝန်ကြီးသို့ တိုးမြှင့်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးဖုန်းဖြင့်ဆွေးနွေးရာ၌ အမေရိကန်-တရုတ်ဆက်ဆံရေးကိုထည့်သွင်းဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ပွင့်လင်းသောဆက်သွယ်ရေးလမ်းကြောင်းကို ဖွင်လှစ်ထားသည်ဟုလည်း မစ္စတာဘလင်ကန်ကပြောကြားခဲ့သည်။

ပေကျင်းနှင့်ဝါရှင်တန်တို့အကြား ခိုင်မာသောဆက်ဆံရေးရှိစေရန်ကြိုးပမ်းနေချိန်၌ တရုတ်နိုင်ငံသည် ၎င်း၏အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်သကဲ့သို့ သမ္မတရှီ၏ ယုံကြည်စိတ်ချရသော လက်ထောက်တစ်ဦးလည်းဖြစ်သည့် မစ္စတာချင်အား နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် သောကြာနေ့ကခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here