၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ၏ စာအောင်သံဃာတော် ၁၅ ပါးအား ဇန်နဝါရီ ၈ ရက်တွင် ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ပူဇော်မည်

0
440

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပခဲ့သည့် ၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ၏ စာအောင်သံဃာတော် ၁၅ ပါးအား ဇန်နဝါရီ ၈ ရက်တွင် ဘွဲ့တံဆိပ်တော်နှင့်အောင်လက်မှတ်များ ဆက်ကပ်ပူဇော်သွားမည်ဖြစ်သည်။

စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယဂဏဝါစက (သီးခြားစာချတန်းအောင်) ၄ ပါး၊ စေတီယင်္ဂဏအဘိဝံသ(သီးခြားစာသင်တန်းအောင်) ၁၁ ပါးတို့အား ဆက်ကပ်ပူဇော်မည်ဖြစ်သည်။

၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ရွှေတိဂုံစေတီတော် ရင် ပြင်တော်ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း ၌ ဆင်ယင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျင်းပခဲ့ပြီးနောက် စာအောင်သံဃာတော် ၁၅ ပါးအား ဘွဲ့တံဆိပ်တော်၊အောင်လက်မှတ်နှင့်လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်ပူဇော်ခြင်းအား ဇန်နဝါရီ ၈ ရက်နံနက် ၈ နာရီ၌ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ရာဟုထောင့်၌ ကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် နံနက် ၇ နာရီတွင်လည်း ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်‌ဆောင်းမှနေ၍ စုရပ်ပြုလုပ်ကာ စာအောင်သံဃာတော်များက လှည့်လည်အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here