အမေရိကနှင့်တောင်ကိုရီးယားတို့ နျူလက်နက်များသုံး၍ စစ်ရေးလေ့ကျင့်ရန်ဆွေးနွေးနေဟုဆို

0
276

ဆိုးလ်၊ဇန်နဝါရီ ၂

မြောက်ကိုရီးယား၏ နျူနှင့်ဒုံးကျည်ခြိမ်းခြောက်မှုများအားရင်ဆိုင်နိုင်ရန် အမေရိက၏နျူပိုင်ဆိုင်မှုများအားအသုံးပြု၍ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်ရန် တောင်ကိုရီးယားနှင့်အမေရိကတို့ ဆွေးနွေးနေကြသည်ဟု တောင်ကိုရီးယားသမ္မတကပြောကြားခဲ့သည်။

ယခုပူးတွဲစီမံကိန်းနှင့် လေ့ကျင့်ခန်းများသည် အမေရိက၏ တားဆီးနိုင်မှုအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန်ရည်ရွယ်သည်ဟုဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အမေရိကဦးဆောင်သည့် ခြိမ်းခြောက်မှုများအားတန်ပြန်ရန် တိုက်ချင်းပစ်ဒုံးကျည်အသစ်များ တီထွင်ကာ ပိုကြီးသည့်နျူလက်နက်တိုက်များ တည်ဆောက်ဖို့ တောင်းဆိုခဲ့ပြီးတစ်ရက်အကြာ၌ ယွန်ကယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

နျူစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ယွန်၏မှတ်ချက်များသည် မြောက်ကိုရီးယားအပေါ် ၎င်း၏ တင်းမာသောရပ်တည်ချက်အားပြသခြင်း ပင်ဖြစ်သည်။ 

မြောက်ကိုရီးယား ဒရုန်းများတောင်ဘက်သို့ ကျော်ဝင်လာပြီးနောက်တွင်လည်း ပြင်းထန်သည့်စွမ်းရည်ဖြင့် စစ်ပွဲအတွက်ပြင်ဆင်ထားရန် စစ်တပ်အား၎င်းကတိုက်တွန်းခဲ့သေးသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here