ရေဆိုးများပြန်လည်စွန့်ထုတ်ရာတွင် ရေထုညစ်ညမ်းမှုကိုကာကွယ်နိုင်ရန် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ် 2HP Mortor တပ်ဆင်ထားသည့် Aerator စက် ၆ လုံးဖြင့်ဆောင်ရွက်နေ

0
178

ရန်ကုန်တိုင်း၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ရန်ကုန်မြို့တော်စည်ပင်၊မြို့ပြပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ အဆိုပါ စနစ်အားဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနှင့်အမှိုက်ပုံများမှထွက်ရှိသည့် Leachate ရေဆိုးများအား Surface Aerator ရေစုကန်သို့သွင်း၍ Aeration ပြုလုပ်ခြင်းဖြစ်သည်။

Aeration ပြုလုပ်သည့်စနစ်သည် တစ်နာရီလျှင် ၂၀၀ ဝပ် လျှပ်စစ်ဓာတ်အားပေးနိုင်သည့် နေ ရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် 2HP Mortor တပ်ဆင်ထားသော Aerator စက် ၆ လုံးအားလည်ပတ်စေပြီး ရေဆိုးများအား လေသွင်းမှုတ်ထုတ်သန့်စင်ပေးခြင်းဖြစ်သည်။

Aeration ပြုလုပ်သန့်စင်ခြင်းဖြင့် Leachate အ တွင်းပါဝင်သည့် Bacteria နှင့် Micro-organism များအားလျော့ပါးစေပြီး ပြန်လည်စွန့်ထုတ်ရာ တွင် ရေထုညစ်ညမ်းမှုကိုကာကွယ်နိုင်မည်ဖြစ် သည်။ 

ထိုသို့ ပြုလုပ်ခြင်းအား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းတို့မှ ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက ကြည့်ရှု့စစ် ဆေးခဲ့ကြသည်။

ကန်တော်ကြီးသဘာဝဥယျာဉ်အတွင်း ကန်ရေ ပြင်ကြည်လင်သန့်ရှင်းရန် 1.1 kW DC Motor တပ် Solar Power သုံးရေဒလက်မော်တာဖြင့် ကန်ရေနှင့်ရေမှော်များတွင်ရှိသည့် Bacteria နှင့် Micro-organism များလျော့ပါးစေရန် ကန်ရေ အား Aeration ပြုလုပ်ပေးနေမှုတို့ကိုလည်း ကြည့် ရှုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here