အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ဖိုက်တာပြောင်းလဲ

0
318

အောင်လအန်ဆန်နှင့် ထိုးသတ်မည့် တရုတ်ဖိုက်တာ ဖန်ဝေါင်းတွင် ကိုဗစ်ပိုးတွေ့ရှိသည့်အတွက်အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ဖိုက်တာပြောင်းလဲသွားကြောင်း One Championship ထံမှ သိရသည်။

ထို့ကြောင့် အောင်လအန်ဆန်သည် တရုတ်ဖိုက်တာအစား ဘရာဇီးဖိုက်တာ အသက် ၄၀ အရွယ်ရှိ Gilberto Galvao နှင့် Catch Weight တန်းတွင် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို ဇန်နဝါရီလ ၁၄ ရက်မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင် စတင်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

MMA ချန်ပီယံဟောင်း အောင်လအန်ဆန်သည် ဂျပန်ဖိုက်တာ အိုကာမီနှင့် ၂၀၂၂ နိုဝင်ဘာလ ၁၉ ရက်က စင်္ကာပူနိုင်ငံတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အနိုင်ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here