အောင်မြေသာစံမြို့နယ်၌ ယနေ့နေ့လည်ပိုင်းကမီးလောင်မှုဖြစ်စဥ်တွင် နေအိမ် ၃ လုံးပျက်စီး ဆုံးရှုံး

0
1122

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း တွင် ဇန်နဝါရီ ၃ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ် ပွားခဲ့သည့် မီးလောင်မှုဖြစ်စဥ်၌ လူနေအိမ် ၃ လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယနေ့နေ့လည် ၃ နာရီ ၃၅ မိနစ်ခန့်က အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၁၉ လမ်းနှင့် ၂၀ လမ်း ကြားရှိ ၂ ထပ်နေအိမ်မီးလောင်မှုဖြစ်ပွားရာ အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နေ့လည် ၃ နာရီ ၄၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် ၃ နာရီ ၄၆ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

” ၂ ထပ်အိမ်မီးလောင်လို့ အိမ် ၃ လုံးပျက်စီးသွားပါတယ် လူထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု လူ မှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here