Sunday, November 24, 2024

မန္တလေးတိုင်းရှိ အကျုံးဝင်အာမခံလုပ်သားဦးရေ (၆၉၀၀၀)ကျော် ကျန်းမာရေး...

မန္တလေးတိုင်း ဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၆၉၀၀၀) ကျော်ကိုကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ...

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား...

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို...

အောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့် ဂျင်းသီးနှံ...

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်းသီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...

ထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တံတားသစ်တစ်စင်းဆောက်မည်

‌ဖနောင်ပင်၊နိုဝင်ဘာ ၂၄ ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့်ဆက်သွယ်ပေးမည့် တံတားအသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ပြီး အဆိုပါတံတားသည် ထိုင်းဘတ်ငွေ ၁၅ သန်းခန့်တန်ဖိုးရှိကြောင်းလည်းသိရသည်။ ယခုဆောက်လုပ်မည့်တံတားအသစ်ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်ဟုလည်း...
HomeInterviewsကမ္ဘောဒီးယား၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းများသည် တရုတ်၏ပြန်လည်ဖွင့်လှစ်လိုက်ခြင်းများမှ...

ကမ္ဘောဒီးယား၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းများသည် တရုတ်၏ပြန်လည်ဖွင့်လှစ်လိုက်ခြင်းများမှ အကျိုးများစေနိုင်ဟုဝန်ကြီးချုပ်ဆို

ဖနွမ်းပင်၊ဇန်နဝါရီ ၃

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က တရုတ်၏နယ်စပ်များကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းသည် နိုင်ငံ၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်ဝင်လာစေမည်ဖြစ်ကြောင်း တနင်္လာနေ့ကပြောကြားခဲ့သည်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် တရုတ်အနေဖြင့် ဇန်နဝါရီ ၈ ရက်တွင် နယ်စပ်များကိုပြန်ဖွင့်ရန် စီစဉ်ထားပြီးနောက် ကမ္ဘောဒီးယားနှင့်အခြားနိုင်ငံများက တရုတ်ခရီးသွားများအားကြိုဆိုဖို့ မျှော်လင့်ထားသည်ဟုလည်း ဟွန်ဆန်က ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားသည် တရုတ်ခရီးသွားများအတွက် ရေပန်းအစားဆုံး ခရီးသွားနေရာများထဲမှတစ်ခုဖြစ်သည်” ဟုလည်း ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ဘက် ကရာတီပြည်နယ်တွင် တရုတ်နိုင်ငံရန်ပုံငွေဖြင့် တည်ဆောက်သော မြစ်ကူးတံတားဖွင့် ပွဲအခမ်းအနား၌ ၎င်းကပြောကြားခဲ့သည်။

တရုတ်ခရီးသွားများ ပြန်လည်ဝင်ရောက်လာမှုကို အရှေ့တောင်အာရှနိုင်ငံအနေဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် ၎င်းတို့၏ဝင်ထွက်သွားလာမှုများက ခရီးသွားလုပ်ငန်းနှင့်စီးပွားရေးတိုးတက်မှုအတွက်အရေးကြီးသည်ဟုလည်းဆိုသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကိုပံ့ပိုးပေးသည့် မဏ္ဍိုင်ကြီးလေးခုထဲမှ တစ်ခုလည်းဖြစ်သည်။ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၆ ဒသမ ၆ သန်းဝင်‌ရောက်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၄ ဒသမ ၉၂ ဘီလျံရရှိကာ နိုင်ငံ့ ဂျီဒီပီ ၏ ၁၂ ဒသမ ၁ ရာခိုင်နှုန်းအထိရရှိစေခဲ့သည်။

Source : CGTN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်းရှိ အကျုံးဝင်အာမခံလုပ်သားဦးရေ (၆၉၀၀၀)ကျော် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့

မန္တလေးတိုင်း ဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၆၉၀၀၀) ကျော်ကိုကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးမှ ဝန်ထမ်းများအားတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်း ဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၁၂၃၄၄၅) ကျော် ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၁၃) ခန်း၊ ဌာနကြီးဆေးခန်းကိုးခန်း၊ စာချုပ်ဆေးခန်း ခုနစ်ခန်းတို့ ဖွင့်လှစ်၍ ဧပြီလမှ အောက်တိုဘာလအထိ အာမခံအလုပ်သမား လူနာပေါင်း (၆၉၉၁၀)...

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာ (၂၃)ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကန်ရိပ်သာလမ်းရှိ တင့်ကားကုန်းဝင်ပေါက်ရှေ့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲ၌ အမျိုးသား (၁၇၇) ဦးနှင့် အမျိုးသမီး(၆)ဦး ဝင်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ‌ေ-သနတ်ပစ်ဖောက်စတင် တာလွှတ်ပေးရာ ပြိုင်ပွဲဝင် ကစားသမားများကစုရပ်မှတာထွက်၍ ကန်ရိပ်သာလမ်း ၊...

အောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့် ဂျင်းသီးနှံ ကုန်စည်ပြပွဲကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်းသီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကို ကလော၊ အောင်ပန်းနှင့် ပင်းတယဒေသရှိ တောင်သူများအတွက် အဓိကကျင်းပခြင်းဖြစ်ပြီးတောင်သူများအနေဖြင့် အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေရန်နှင့် ဈေးကွက်ကောင်းတွေရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင်ဝယ်ယူသူများအနေဖြင့် တောင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည့်အပြင် စိုက်ပျိုးသူများအဆင်‌ပြေ‌စေရန် ပြပွဲကို (၁၅) ရက်လျှင်တစ်ကြိမ်ကျင်းပမည်ဖြစ်ကြောင်း၊ တောင်သူဈေးနှင့်အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်များ ဈေးကောင်းရရှိစေရန်အခြေခံဈေးနှုန်းများ သတ်မှတ်ဝယ်ယူပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် တောင်သူများအတွက် စိုက်ပျိုးနည်းပညာအပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071