ကမ္ဘောဒီးယား၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းများသည် တရုတ်၏ပြန်လည်ဖွင့်လှစ်လိုက်ခြင်းများမှ အကျိုးများစေနိုင်ဟုဝန်ကြီးချုပ်ဆို

0
1805

ဖနွမ်းပင်၊ဇန်နဝါရီ ၃

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က တရုတ်၏နယ်စပ်များကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းသည် နိုင်ငံ၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်ဝင်လာစေမည်ဖြစ်ကြောင်း တနင်္လာနေ့ကပြောကြားခဲ့သည်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် တရုတ်အနေဖြင့် ဇန်နဝါရီ ၈ ရက်တွင် နယ်စပ်များကိုပြန်ဖွင့်ရန် စီစဉ်ထားပြီးနောက် ကမ္ဘောဒီးယားနှင့်အခြားနိုင်ငံများက တရုတ်ခရီးသွားများအားကြိုဆိုဖို့ မျှော်လင့်ထားသည်ဟုလည်း ဟွန်ဆန်က ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားသည် တရုတ်ခရီးသွားများအတွက် ရေပန်းအစားဆုံး ခရီးသွားနေရာများထဲမှတစ်ခုဖြစ်သည်” ဟုလည်း ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ဘက် ကရာတီပြည်နယ်တွင် တရုတ်နိုင်ငံရန်ပုံငွေဖြင့် တည်ဆောက်သော မြစ်ကူးတံတားဖွင့် ပွဲအခမ်းအနား၌ ၎င်းကပြောကြားခဲ့သည်။

တရုတ်ခရီးသွားများ ပြန်လည်ဝင်ရောက်လာမှုကို အရှေ့တောင်အာရှနိုင်ငံအနေဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် ၎င်းတို့၏ဝင်ထွက်သွားလာမှုများက ခရီးသွားလုပ်ငန်းနှင့်စီးပွားရေးတိုးတက်မှုအတွက်အရေးကြီးသည်ဟုလည်းဆိုသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကိုပံ့ပိုးပေးသည့် မဏ္ဍိုင်ကြီးလေးခုထဲမှ တစ်ခုလည်းဖြစ်သည်။ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၆ ဒသမ ၆ သန်းဝင်‌ရောက်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၄ ဒသမ ၉၂ ဘီလျံရရှိကာ နိုင်ငံ့ ဂျီဒီပီ ၏ ၁၂ ဒသမ ၁ ရာခိုင်နှုန်းအထိရရှိစေခဲ့သည်။

Source : CGTN


LEAVE A REPLY

Please enter your comment!
Please enter your name here