စိန်ရတုလွတ်လပ်ရေးနေ့တွင် လူစုလူဝေးနေရာများ၌ ဖောက်ခွဲဖျက်ဆီးမှုများနှင့်သတ်ဖြတ်မှုများပြုလုပ်ရန်စီစဥ်နေသည့် တပ်ကုန်း PDF အဖွဲ့ဝင် ၃ ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ

0
255

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် လူ စုလူဝေးနေရာများ၌ ဖောက်ခွဲဖျက်ဆီးမှုများနှင့်လုပ်ကြံသတ်ဖြတ်မှုများပြုလုပ်ရန်စီစဥ်နေသည့် တပ်ကုန်း PDF အဖွဲ့ဝင် ၃ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များက ဖော် ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊နွယ်ရစ်ကျေးရွာ၌ တပ်ကုန်း PDF အဖွဲ့နှင့်ဆက်သွယ်၍ ဖောက်ခွဲမှုများပြုလုပ်ရန် စီစဉ်နေသည့် ကျော်မျိုးသူ အားဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ နေ့လည်ပိုင်းတွင် တပ်ကုန်း PDF အဖွဲ့ဝင် လှမိုး(ခ)လှမိုးအောင်အား တပ်ကုန်းမြို့နယ်၊ဆည်ထိပ်ကျေးရွာနှင့်ရွှေမြို့ကျေးရွာသွားလမ်းပေါ်၌ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ညနေပိုင်း၌ လုံခြုံရေးအဖွဲ့ဝင်များ၏ လှုပ် ရှားမှုများအားစောင့်ကြည့်၍ သတင်းပေးပို့နေသည့် တပ်ကုန်း PDF အဖွဲ့ဝင် ကျော်ဆန်းအေး(ခ) အရှည်ကြီး ကိုလည်း တပ်ကုန်းမြို့နယ်၊မြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှေ့ရှိ ဆိုင်ကယ် ကယ်ရီဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်၌ တပ်ကုန်း PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးအား ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့်၊ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက် လုပ်မိုင်း ၁၀ လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရသည့် ခလုတ် ၃ ခု၊ Keypad ဖုန်း ၁ လုံး၊ ရီမု ၁ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် လွတ်လပ်ရေးနေ့အခမ်းအနားပြုလုပ်မည့် တပ်ကုန်းမြို့၊ဗိုလ်ချုပ်ကြေးရုပ်နှင့်လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်၊မြဝတီရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၊တပ်ကုန်းမြို့မဈေးဝန်း ကျင်၊ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဘူတာလမ်း၊တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှေ့ဝင် ပေါက်နှင့်မြောက်ဘက်ဝင်ပေါက်၊နွယ်ရစ်ကျေး ရွာအဝင် တံတားထိပ်၊လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပျော်ပွဲရွှင်ပွဲပြုလုပ်မည့် လူစည်ကားရာနေ ရာများတွင် ဖောက်ခွဲဖျက်ဆီးရန်စီစဉ်ထားမှုကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here