တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်ရရှိသူများအား နစက ဥက္ကဋ္ဌက ပေးအပ်ချီးမြှင့်

0
312

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှတပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်ရရှိသူများအား ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ပေးအပ်ချီးမြှင့်ခဲ့သည်။

နစက ဥက္ကဋ္ဌသည် သူရဲကောင်းမှတ်တမ်းဝင်တံ ဆိပ်ရရှိသူ ၃၂ ဦး၊တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂ ဦး၊တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၃၉ ဦးတို့အား ဆုတံဆိပ်နှင့် လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ရဲဗလတံဆိပ်ရသူ ၁၈၁ ဦး၊စီမံထူးချွန်တံ ဆိပ်ရသူ ၁၁၀ ဦး၊လူမှုထူးချွန်တံဆိပ်ရသူ ၁၂ ဦး၊စက်မှုစီးပွားထူးချွန်တံဆိပ်ရသူ ၄ ဦး၊ဝန်ဆောင် စီးပွားထူးချွန်တံဆိပ်ရသူ ၁၀ ဦး၊သိပ္ပံပညာထူး ချွန်တံဆိပ်ရသူ ၄ ဦး၊ဆေးပညာထူးချွန်တံဆိပ်ရသူ ၁ ဦးနှင့်နည်းပညာထူးချွန်တံဆိပ်ရသူ ၇၄ ဦးတို့ကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ကိုယ်စား)သက်ဆိုင်ရာတိုင်းမှူးများက ဂုဏ်ထူး ဆောင်တံဆိပ်နှင့်လက်မှတ်များကို တစ်ချိန်တည်း ပေးအပ်ချီးမြှင်ခဲ့ကြသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရသူ ၁၃၆ ဦး၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက် မှတ်ရသူ ၄၀၄ ဦးတို့ကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ကိုယ်စား)သက်ဆိုင်ရာတိုင်းမှူးများက ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များကို တစ်ချိန်တည်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

တပ်မတော်တွင် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလအထိ စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့ရဘွဲ့ ၆ ဦး၊ သီဟသူရဘွဲ့  ၅၁ ဦး၊သူရဘွဲ့  ၅၅၄ ဦး၊ သီဟဗလတံဆိပ် ၆ ဦး၊သူရဲကောင်းမှတ်တမ်းဝင်ရရှိသူ ၁၈၆၀ ဦး၊သူရဲကောင်းမှတ်တမ်းဝင်တံ ဆိပ်ရသူ ၂၀၅၀ ဦး၊စစ်သေနာပတိချုပ်၏ သူရဲ ကောင်းလက်မှတ်ရသူ ၃၃၉ ဦး၊တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရသူ ၃၁၂၅ ဦး၊စစ်သေနာပတိချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရသူ ၉ ဦး၊တပ်မတော်ကာကွယ်ရေးဦး စီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရသူ ၂၃၅၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here