နစက ဥက္ကဋ္ဌထံသို့ နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီနှင့်ဝန်ကြီးချုပ် မစ္စတာ ပူးရ်ပါ ကာမယ်လ် ဒါဟဲလ် ပရာချန်ဒါ တို့ကဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့

0
196

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဇန်နဝါရီ ၄ ရက်(ယနေ့)တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့သို့ နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီနှင့်ဝန်ကြီးချုပ် မစ္စတာ ပူးရ်ပါ ကာမယ်လ် ဒါဟဲလ် ပရာချန်ဒါ တို့ကဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခါသမယအား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကာ အဆွေတော်နှင့်မြန်မာပြည်သူပြည်သားများအတွက် ဆုမွန်ကောင်းပို့သအပ်ပါသည်ဟု နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ပေးပို့သည့် သဝဏ်လွှာ၌ရေးသားထားသည်။

ထို့ပြင် နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အဆွေတော်အနေဖြင့် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့်မြန်မာပြည်သူ များလည်း တိုးတက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟုလည်း ရေးသားထားသည်။

ထို့အတူ မြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယတွင် နီပေါပြည်သူများနှင့်နီပေါအစိုးရကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကာ အဆွေတော်နှင့်မြန်မာပြည်သူပြည်သားများအတွက် ဆုမွန်ကောင်းပို့သအပ်ပါသည်ဟု နီပေါနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ပူးရ်ပါ ကာမယ်လ် ဒါဟဲလ် ပရာချန်ဒါ မှ နစက ဥက္ကဋ္ဌထံ ဝမ်းမြောက်ကြောင်း သဝဏလွှာရေးသားပေးပို့ခဲ့သည်။

အဆွေတော်အနေဖြင့် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့်ချစ်ခင်ရင်းနှီးသည့် မြန်မာပြည်သူ များလည်း ဆက်လက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟုလည်း နီပေါနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ပူးရ်ပါ ကာမယ်လ် ဒါဟဲလ် ပရာချန်ဒါ ၏ဝမ်းမြောက်ကြောင်း သဝဏလွှာ၌ရေးသားထားသည်။

photo credit : Office Of The President Of Nepul


LEAVE A REPLY

Please enter your comment!
Please enter your name here