သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြန်လည်လွတ်မြောက်

0
274

NLD အစိုးရလက်ထက်တွင် သာသနာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် သူရဦးအောင်အားပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် ကတည်းက ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီး ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံထားရသည့် သူရဦးအောင်ကိုအား ဇန်နဝါရီ (၃) ရက် ညပိုင်းကပင် ၎င်း၏ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်‌ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ (၄) ရက်တွင် ကျရောက်မည့် (၇၅) နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းသားများ ပြန်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နစက အနေဖြင့် အဆိုပါသတင်းကို လက်ရှိအချိန်ထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယနေ့ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာမည့်အထဲတွင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်လည်း ပါဝင်မည်ဟု သတင်း ထွက်ပေါ်နေသော်လည်း ပေါ်ပြူလာနယူးစ် အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here