နစက ဥက္ကဋ္ဌထံ ကမ္ဘောဒီးယားနိုင်ငံ၊ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီက (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

0
315

မြန်မာနိုင်ငံ၏ ဇန်နဝါရီ ၄ ရက်(ယနေ့)တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အတွက် နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကမ္ဘောဒီးယားနိုင်ငံ၊ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီကဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

မြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘောဒီးယားပြည်သူ များနှင့်အတူ မိမိအနေဖြင့် အဆွေတော်နှင့်မြန်မာပြည်သူများထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်းနှုတ်ခွန်းဆက်သပါသည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်၊

လွန်ခဲ့သည့်နှစ်ပေါင်း(၆၇)နှစ်ကျော်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် အပြန်အလှန်လေးစားမှုနှင့်နားလည်မှုတို့ကို အခြေခံ၍ နွေးထွေးချစ်ကြည်သည့် ဆက်ဆံရေးများရှိခဲ့ကြသည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ၌ရေးသားထားသည်။

မိမိတို့နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့်အာဆီယံ အပါအဝင် အခြားဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများမူဘောင်အောက်မှ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်ဟုလည်း ရေးသားထားသည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်မှ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်းနှင့်မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တိုး တက်သာယာဝပြောစေရေးအတွက် ဆုမွန်ကောင်းပို့သကာ အဆွေတော်အား အစဉ်ချစ် ကြည်လေးစားလျက်ရှိပါသည်ဟု ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here