ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား/အကျဥ်းသူ ၇၀၁၂ ဦးအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြု

0
78

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီး သီး၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဥ်းသူ ၇၀၁၂ ဦးအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ထိုသိူ့ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းအား နစက မှ အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် ဇန်နဝါရီ ၄ ရက်(ယနေ့) တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အဖြစ် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူမှုရေးအရ ငဲ့ညှာထောက်ထားသောအား ဖြင့် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည်စေရန်ရှေးရှု၍ ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်း သား/အကျဥ်းသူ ၇၀၁၂ ဦးအား ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ“နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အ ပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသည့် စည်းကမ်း သတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုလျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here